မြိတ်မြို့နယ်၌ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲများ၊မဲရုံကြိုတင်မဲများနှင့် ဆန္ဒမဲလက်မှတ်များ ရေတွက်

Listing Description

မြိတ် နိုဝင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ မဲဆန္ဒနယ် အသီးသီး၌လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးခဲ့ကြသည်။

ပွင့်လင်းမြင်သာစွာရေတွက်

မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲများ ပေးကြပြီး မဲရုံအသီးသီးမှ ညနေ ၄ နာရီတွင် မဲရုံပိတ်သိမ်း ခဲ့ကြသည်။ ထို့နောက် မဲရုံအသီးသီးတွင် ကြိုတင်မဲများ အပါအဝင် ဆန္ဒမဲများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့တွင် မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲများကို တာဝန်ရှိသူများက ပါတီများ၏ ကိုယ်စားလှယ်၊ မဲရုံ ကိုယ်စားလှယ်နှင့် စောင့်ကြည့်လေ့လာသူများ ရှေ့မှောက် တွင် ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြသည်။

မြိတ်မြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၂၂ အုပ်စုတွင် မဲရုံပေါင်း ၂၂၇ ရုံဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၂၂၆၇၉၈ ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မြိတ် (ပြန်/ဆက်)