ရွှေစည်းခုံပုံတူစေတီတော်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ မြို့မအုပ်စု၊ တောင်ခြေရပ်၊ သီတဂူဓမ္မဝိဟာရကျောင်းတိုက်တွင် တည်ရှိပါသည်။ စေတီတော်၏ မူလပုံစံသည် ကမ္ဘာလုံးပေါ်၌ ရပ်တော်မူရုပ်ပွားတော်ဖြစ်ပြီး သီတဂူဆရာတော်ဘုရားကြီးနှင့် တပည့်ဒကာ၊ ဒကာမများစုပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်တွင် ကမ္ဘာလုံးပေါ်မှရုပ်ပွားတော်အား အပေါ်မှဌာပနာထားငုံ၍ ရွှေစည်းခုံပုံစံတူစေတီတော် တည်ထားခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၇၀ ပေ၊ လုံပတ်တော် ၅၄ ပေရှိပါသည်။ စေတီတော်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်တွင် တည်ရှိသဖြင့် စေတီတော်ရင်ပြင်မှ မိုးကုတ်မြို့၏အလှရှုခင်းကို ကောင်းစွာ တွေ့မြင်ခံစားနိုင်ပါသည်။