ကင်းချောင်းရေတံခွန်အပန်းဖြေစခန်း

Listing Description

ကင်းချောင်းရေတံခွန်အပန်းဖြေစခန်းသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ မိုးကုတ်- ပြင်ဦးလွင်သွားကားလမ်း၊ မိုးကုတ်မြို့အထွက်အနီးတွင် တည်ရှိပါသည်။ မိုးရာသီတွင် ရေအများအပြားကျဆင်းကာ ရေနောက်ပြီး ဆောင်းရာသီနှင့်နွေရာသီတွင် ရေကျဆင်းမှုနည်းပါးသဖြင့် ရေကြည်လင်ကာ မိုးကုတ်မြို့ခံ လူငယ်များ၊ မိသားစုများနှင့် မိုးကုတ်မြို့သို့လာရောက်လည်ပတ်ကြသူများ လာရောက်အပန်းဖြေလေ့ရှိသည့် သဘာဝ ရေတံခွန်တစ်ခုဖြစ်ပါသည်။ လာရောက်အပန်းဖြေသူများ ရေဆော့ကစားနိုင်ရန်လည်း စီစဉ်ပေးထားပြီး ကလေးငယ်များအတွက် Kid Zone များ၊ ပင်လယ်ဓါးပြလှေ၊ Sauna ချွေးထုတ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ ရုပ်ရှင်ရုံများ စသည်ဖြင့် စုံလင်စွာပါဝင်သော အပန်းဖြေစခန်းဖြစ်ပါသည်။