ဖွေးဖွေး

Listing Description

ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးကို ၁၉၈၈-ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့တွင် မိုးကုတ်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ရွှေရည်ကိုဦး ဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုန်ရွှေရည်နှင့်လည်း ညီအစ်မ တစ်ဝမ်းကွဲ တော်စပ်သည်။ ၂၀၀၄-ခုနှစ်တွင် စိန်ဩဂတ်စတင်း အထက်တန်းကျောင်း (အ.ထ.က (၂) ကမာရွတ်) မှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ ၂၀၀၈ခုနှစ်တွင် ကိုရီးယားမေဂျာဖြင့် တက္ကသိုလ်ဘွဲ့ ရခဲ့သည်။

အနုပညာ သရုပ်ဆောင်လောကသို့ မက်စ်ပြက္ခဒိန်တွင် မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် ဝင်ရောက်ခဲ့သည်။ မော်ဒယ်လောကတွင် နာမည်ရလာပြီးနောက် Music ဗီဒီယိုများ၊ တီဗွီကြော်ငြာများ၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးခဲ့သည်။ သူမသည် ဗီဒီယိုကားပေါင်း ၁၀၀ ကျော်နှင့် မဂ္ဂဇင်းမျက်နှာဖုံးများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် People Magazine Award ဆုရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် “လက်ပံ” ရုပ်ရှင်ဖြင့်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် “ရွှေကြာ” ရုပ်ရှင်ဖြင့်လည်းကောင်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သည်။