ပတ္တမြားစေတီ

Listing Description

ပတ္တမြားစေတီသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ မြို့မရပ်၊ စစ်မင်းကြီးတောင်ပေါ်တွင် တည်ရှိပါသည်။ စေတီတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့် ၄၅ တောင်ရှိပြီး အောက်ပိုင်းအတွင်းလိုဏ်ပေါ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပုံစံတူ စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော်၊ ဆင်းတုတော်များကို ထားရှိပူဇော်ခံထားပါသည်။ ပတ္တမြားစေတီကို ဘီးတောင်ဘုရားများ၊ လေးမျက်နှာဘုရား၊ ဦးခန္ဓီစေတီဟူ၍လည်း ခေါ်ဆိုကြပြီး ဒေသခံများ၏အဆိုအရ ပတ္တမြားစေတီကို ၁၂၉၂ ခုနှစ်တွင် ရသေ့ကြီး ဦးခန္ဓီ တည်ထားခဲ့သည်ဟု ဆိုကြပါသည်။ တောင်ပေါ်တွင် စေတီပုထိုးများစွာရှိပါသည်။ ထို့ပြင် ပတ္တမြားစေတီတော်သည် ချမ်းသာကြီးဘုရား၊ မိုးကုတ်အင်းနှင့် မိုးကုတ်မြို့ရှုခင်းကို ကောင်းစွာ မြင်တွေ့ရသော ဘုရားဖြစ်ကာ မိုးကုတ်မြို့ကိုယ်စားပြုသော ဓါတ်ပုံများရိုက်ယူရာ နေရာလည်းဖြစ်သည်။ အထူးသဖြင့် ညမိုးချုပ်သော အချိန်များတွင် အလွန်သာယာသော နေရာဖြစ်ပါသည်။