ဘော်ဗဒါန်းလိုဏ်ဂူ

Listing Description

ဘော်ဗဒါန်းလိုဏ်ဂူသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၏ အနောက်မြောက်ဘက် လေးမိုင်ခန့်ကွာဝေးသော ဘော်ဗဒါန်းကျေးရွာ၌ တည်ရှိပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ ထိုဘော်ဗဒါန်းလိုဏ်ဂူအတွင်း လေးဝါတိုင်အောင် သီတင်းသုံးတရားအားထုတ်ခဲ့ရာ လိုဏ်ဂူဖြစ်ပါသည်။ လိုဏ်ဂူမှာ ကျောက်တောင်၏ အလယ် ပေ ၂၀၀ ခန့်အမြင့်တွင် တည်ရှိပြီး မိုးကုတ်ဆရာတော်ဘုရားကြီး ကာလရှည်ကြာစွာ သီတင်းသုံး တရားအားထုတ်ခဲ့သည့်ဂူဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်များအတွက် ထူးခြားသော ဓမ္မအောင်မြေနေရာဟု ဆိုနိုင်ပါသည်။