ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့တွင် မြန်မာသက္ကရာဇ် ၁၂၇၃-ခု၊ ပြာသိုလဆန်း(၁၃)ရက်၊ တနင်္လာနေ့၌ အဖ ဦးမြ၊ အမိ ဒေါ်စောယုတို့က ဖွားမြင်သည်။ အမည်ရင်းမှာ ဦးချစ်မောင်ဖြစ်သည်။ (အမိ၏ဖခင်ဖြစ်သော ရွှေကျင်ဝန်ကြီးဦးကျင်မှာ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းယူစဉ်က တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသူဖြစ်သည်။)
ငယ်စဉ်က လက်ပံတန်းမြို့တွင်ပညာသင်ကြားရသည်။ လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်း ကျောင်းအုပ်ကြီး မစ္စတာအို-အောင်ထွန်း က ကျောင်းထားပေးသဖြင့် (၁၀) တန်း အောင်မြင်ကာ ထိုကျောင်း၌ပင် ခေတ္တကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ရန်ကုန်မြို့ သို့ စာအုပ်ဝယ်ရန် ခေတ္တရောက်ရာမှ တစ်ခါတည်း မပြန်တော့ဘဲ အနော်ရထာသတင်းစာတိုက်တွင် ဝင်လုပ်သည်။ နောက်ပိုင်းတွင် ဈေးနှုန်းသတင်းစာတိုက်နှင့် မြန်မာ့အလင်းသတင်းစာတိုက်တွင် ဝင်ရောက်လုပ်ကိုင်သည်။ ကြိုးစားလုပ်ကိုင်သဖြင့် ညအယ်ဒီတာချုပ်ဘဝသို့ အဆင့်ဆင့် တိုးမြှင့်ခံရသည်။ မြန်မာ့အလင်းအယ်ဒီတာချုပ်ဘဝ နှင့် နိုင်ငံအတွက် အကျိုးရှိမည့် သတင်းများကို ထက်ထက်မြက်မြက် ရေးသဖြင့် တိုက်ရှင်နှင့် စိတ်သဘောချင်း မတိုက်ဆိုင် ဖြစ်လာသည်။
၁၉၃၈ - အောက်တိုဘာတွင် ဒေါ်မမလေး(နောင်-ဂျာနယ်ကျော် မမလေး)နှင့်လက်ထပ်။
၁၃၀၀ - ပြည့် - ရေနံသပိတ်တပ်ကြီး ချီတက်လာသည့်သတင်း၊ အစိုးရပုလိပ်တပ်များက မြင်းတပ်နှင့် နှိမ် နှင်း၊တုတ်နှင့်သိမ်း ရိုက်၊လူတွေကို ဖမ်းချုပ်သည့် သတင်းများ ကို မှတ်ချက်အမျိုးမျိုးချပေးလျှက် လှုံ့ဆော်ခဲ့၊ ထိ ရောက်လှသည်။
၁၉၃၈ - ၁၉၃၅ ခုနှစ်တည်းက ကြိုမြင်ပြီးရေးထားခဲ့သည့် ကမ္ဘာကြီးပျက်စီးလုနီးပြီလော စာအုပ်ထွက်ရှိ။ သည်းကြွေလုဖွယ် ဝတ္ထုတို မြန်မာ့အလင်းတွင်ရေး။
၁၉၃၉ - မြန်မာ့အလင်းမှထွက်။ ထိုနှစ်မှာပင် ဂျာနယ်ကျော် ကို ဦးစီးလုပ်ကိုင် (မြန်မာ့အလင်း လည်း ဦးချစ် မောင်၏ ခေါင်းကြီး အိုင်စီအက်စ်များကို အကြောင်းပြု-၁၉၄ဝဩလ၂၆တွင် အပိတ်ခံရ။) ဘကြီးကျန်း၊ စုံထောက် အောင်ဘု ၏ အမှုများ စသော ဝတ္ထုတိုများ ဂျာနယ်ကျော် တွင် ရေး။
၁၉၄၁ - ဂျပန်ခေတ်တွင် နိုင်ငံအတွက် မြေအောက်လုပ်ငန်းများလုပ်ကိုင်။ ပါလေပြီတဲ့ဝတ္ထုကို ဂျာနယ်ကျော် တွင်ရေး။
၁၉၄၂ - ဒု-ကမ္ဘာစစ်အတွင်း။ ဘိုကလေးသို့ စစ်တိမ်းရှောင်။ ပြန်လာ တော်လှန်ရေးလုပ်ငန်းများ ဆက်လုပ်ခဲ့။
၁၉၄၅ - ဂျာနယ်ကျော်- ဩဂုတ်လထုတ်တွင် အခုရေစက်ဝတ္ထုတို၊ နိုဝင်ဘာထုတ်တွင်ဝတ္ထု ဝတ္ထု၊ စက်တင်ဘာ ထုတ်တွင် အဆက်ခေတ် စသော ဝတ္ထုတိုများ ရေး။ ရွှေလင်းယုန်ကလောင်အမည်ဖြင့် ကမ္ဘာကြီးပျက်စီးလုနီးပြီ လော ရှာရှာဖွေဖွေ သူ စသောဝတ္ထုများ လူကြိုက်များ၊ နောင်တွင် သူကို မောင်သင်နှင့် ရုပ်ရှင်ရိုက်ခဲ့။ မှိုင်းမှုံမှုံဝတ္ထုကိုလည်း ဦးချစ်မောင်ပင်ရေးခဲ့။
၁၉၄၆ - ဦးချစ်မောင် ကွယ်လွန်ပြီးနောက် ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်းကို ဂျာနယ်ကျော်တိုက်မှ စာအုပ် ထုတ်ခဲ့။ (ပညာဗဟုသုတ၊ နိုင်ငံရေးဗဟုသုတ၊ ရာဇဝင်ဗဟုသုတ၊ ပထဝီဝင်ဗဟုသုတမှစ၍ ဗဟုသုတ ဟင်း လေးအိုးကြီးဖြစ်သည်။)
ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းကို ဇနီးသည် ဂျာနယ်ကျော်မမလေးကသူလိုလူ အမည်ဖြင့် ရေးသားထုတ်ဝေခဲ့။
ဦးချစ်မောင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ကာ လွတ်လပ်ရေးအတွက် အရေးဆိုရာတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်ခဲ့။ ဖဆပလ ဖွဲ့ စည်းရန် ဘုရင်ခံထံသို့တင်ပြသော စည်းကမ်းများကို ရေးဆွဲရာတွင် ဦးချစ်မောင် ၏ အကြံဉာဏ် များစွာ ပါဝင်သည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့။
(၃ ဧပြီ ၁၉၄၆ ခု) ၁၃ဝ၇ ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၂)ရက်နေ့တွင် ကွယ်လွန်။ ဖဆပလ အဖွဲ့ချုပ် မှ ကြီးမှူး၍ ကြံတောသုသာန်တွင် သဂြိုဟ်သည်။
ကွယ်လွန်ချိန် တွင် ဇနီး ဒေါ်မမလေး၊ သား(၂)ယောက်နှင့် သမီး(၁)ယောက် ကျန်ရစ်ခဲ့။
ထင်ရှားသောစာအုပ်အချို့
ဂျာနယ်ကျော်ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်း
ကမ္ဘာကြီးပျက်စီးလုနီးပြီလော
သူ
ရှာရှာဖွေဖွေ
နိုင်ငံတော်သစ်သို့
မှိုင်းမှုံမှုံ
ဂျာနယ်ကျော်ဦးချစ်မောင်၏ဝတ္ထုတိုများ