ခါရာ

Listing Description

၁၉၉၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အဖ ဦးမြင့်ဦးနှင့် အမိ ဒေါ်နန်းစိန်တို့မှ မိုးကုတ်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက် အကြီးဆုံးသားဖြစ်ပြီး ညီမငယ်နှင့် ညီငယ်တစ်ဦးရှိသည်။ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ မိုးကုတ်တွင် ပညာသင်ကြားခဲ့သည်။ ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် First Myanmar Guys 2013 မော်ဒယ်လ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံများနှင့် ကြော်ငြာများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဟောင်ကောင်တွင် ကျင်းပသည့် Mr. Asia Contest 2014 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး 2nd runner-up အဖြစ် Mister Viewer's Choice Award ၊ Mister Gorgeous ၊ Mister Charismatic နှင့် Missosology Top Favourite Award စသည့် ဆု လေးဆု ရရှိခဲ့သည်။

အဆိုတော်တစ်ယောက်အဖြစ် ၂၀၁၅ ခုနှစ်တွင် ပွဲဦးထွက်အယ်လ်ဘမ် “ကလိန်ကကျစ်” ထွက်ရှိခဲ့သည်။

၂၀၁၇ ခုနှစ်တွင် “The Accident” ဇာတ်ကား၌ သဉ္ဇာနွယ်ဝင်းနှင့်အတူ အဓိကခေါင်းဆောင်မင်းသားအနေဖြင့် ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဒုတိယမြောက်ဇာတ်ကားဖြစ်သော “Bella and Me” ဇာတ်ကားတွင် Alice Ong နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။ တတိယမြောက်ဇာတ်ကား “Unstoppable” တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်အားပေးမှု ရရှိလာခဲ့သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် “Dimensions” ဇာတ်ကားကြီးတွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုရုပ်ရှင်ဇာတ်ကားဖြင့် “Rising Star Award” ဆု ရရှိခဲ့သည်။ ထို့နောက် “အဆိပ်ရှိလူရိုင်း၊ “မြို့ပြမုဆိုးများ”၊ “လေဒီဒိန်းဂျား” စသည့် ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် MRTV-4 တွင် ထုတ်လွှင့်ပြသခဲ့သည့် “မနေ့ကဖြစ်သည် ၂” ရုပ်သံဇာတ်လမ်းတွဲတွင် ကျော်ကျော်ဗို၊ တိုင်ရွန်၊ အောင်မင်းခန့်၊ အေးမြတ်သူတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် လောကကြိုးဝိုင်း (၂၀၁၉)၊ လိပ်ပြာ (၂၀၁၉)၊ ရင်ခုန်သံ ၇၄ ရက်) (၂၀၂၀) စသည့် ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။