ဦးပွားဘုရား

Listing Description

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ဒက္ခိဏရာမကျောင်းတိုက် (ဘုရားကြီးတိုက်) တောင်ဘက်တွင် တည်ရှိသည်။ အမရပူရခေတ် ပုဂံမင်းလက်ထက် အတွင်းဝန်၊ ကျီဝန်၊ ရွှေပြည်ရန်အောင်မြင်းဝန် ရာထူးများဖြင့် အမှုထမ်းရွက်ခဲ့သူ ရေနံချောင်းမြို့စား သတိုးမင်းကြီးမဟာသက်တော်ရှည်ဘွဲ့ခံ ဦးပွားက သက္ကရာဇ် ၁၂၀၉ (အေဒီ ၁၈၄၇) ခုနှစ်တွင် ဗုဒ္ဓဓာတ်တော် မွေတော်များ ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သောကြောင့် ဦးပွားဘုရား ဟု အမည်တွင်သည်။ စေတီတော်မှာ သံတောင်အမြင့် ၈၀ ရှိပြီး စေတီထောင့်လေးထောင့်၌ ခြင်္သေ့ရုပ်လေးကောင်၊ ပစ္စယာထောင့်လေးထောင့်၊ အရန်စေတီလေးဆူတို့ဖြင့် ကြည်ညိုဖွယ်ရာ ဖူးမြင်နိုင်ပါသည်။