သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)

Listing Description

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၆၂) လမ်းတွင်တည်ရှိပြီး ၁၉၉၉-၂၀၀၀ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နှစ်ခုအနက် တစ်ခုဖြစ်သည်။ နှစ်စဉ် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀ ကျော်ခန့် လက်ခံသင်ကြားပေးလျက်ရှိသည်။ သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(မန္တ​လေး) မှ ပေးအပ်သော ဘွဲ့များမှာ သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ (B.D.S)နှင့် မဟာဘွဲ့ (M.D.Sc) များဖြစ်ပြီး ဒီပလိုမာအနေဖြင့် သွားဖက်ဆိုင်ရာဆေးပညာဒီပလိုမာ (Dip.D.Sc) တို့ဖြစ်ကြသည်။