ပြည်ကြီးမွန်ဖောင်တော်

Listing Description

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးရေပြင်ပေါ်တွင် တည်ရှိသည်။ ဖောင်တော်ကြီးကို ၁၉၉ဝ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် မန္တလေးကျုံး၏ အရှေ့တောင်ထောင့်၌ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် မှ ယခုတည်ရှိရာ ကန်တော်ကြီးရေပြင်သို့ ရွှေ့ပြောင်းဆောက်လုပ်ခဲ့သည်။ ပြည်ကြီးမွန်ဖောင်တော်မှာ ကွန်ကရစ် အဆောက်အအုံဖြစ်ပြီး အလျား ၁၂၂ ပေ၊ အနံ ၄၉ ပေ၊ ပိုင်တိုင်ပေါင်း ၂၁၅ တိုင်၊ ကုန်းပတ်အမြင့် ရေပြင်ထက်သုံးပေ၊ ပြာသာဒ်စိန်ဖူးထိပ်ထိ အမြင့်ပေ ၆ဝ၊ နဂါးဦးခေါင်းထိပ်ထိ အမြင့် ၁၂ ပေ၊ လှေမြီးအမြင့် ၂၉ ပေရှိသည်။ အရှေ့ဘက်ရှိ ဘုရားကြီးနှင့် ကပ်ကျော်စေတီတို့ကို ဦးတည်ဆောက်လုပ်ထားသည်။ ဘုရားကြီး၊ ကပ်ကျော်စေတီ၊ မန္တလေးတောင် အရှေ့ရိုးမတို့ဖြင့် ရေပြင်မှဖောင်တော်ကြီးသည် သာယာရှုမောဖွယ်ဖြစ်သည်။