ရှင်ပင်အုန်းအင်းဘုရား

Listing Description

ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းအရှေ့ဘက်ရှိ မြို့သစ် (က)ရပ်ကွက်တွင် တည်ရှိသည်။ ရှင်ပင်အုန်းအင်းဘုရား၊ ရှင်ပင်အင်းဦးဘုရားမှာ ပုဂံခေတ် အလောင်းစည်သူမင်းကြီးလက်ထက် ဖောင်စကြာဆိုက်ရာ အင်းဦးတွင် စေတီတည်ထားခဲ့သောကြောင့် အင်းဦးဘုရားဟု အစဉ်အဆက် မှတ်သားလာခဲ့ကြသည်။ ရှေးအခါက တောရကျောင်း တစ်နေရာပင်ဖြစ်သည်။ ဖောင်တော်ဦးဘုရား၊ ဖောင်တော်ပဲ့ဘုရားနှင့် အခြားရှေးဟောင်းစေတီများ အစီအရီတည်ထားသည်။ တရားအားထုတ်ရန် တိတ်ဆိတ်သော သစ်ပင်ရိပ်၊ စေတီပုထိုးများနှင့် သာယာသော နေရာဖြစ်သည်။