အာနန္ဒာဘုရား (မန္တလေး)

Listing Description

အာနန္ဒာဘုရားသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီး၏ အရှေ့တောင်ဘက်အနီးတွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၂၀၈ ခုနှစ်တွင် ပုဂံမင်း မိဖုရား ပဉ္စမင်းသမီးက တည်ထားကိုးကွယ်ခဲ့ပါသည်။ ရှေးယခင်က သိမ်နီကြီးဘုရားဟုလည်း အမည်တွင်ခဲ့သည်ဟု သိရပါသည်။ စေတီတော်လိုဏ်အတွင်း လေးမျက်နှာအသီးသီးတွင် အမရပူရခေတ်လက်ရာ အုတ်အင်္ဂတေဖြင့် ပြုလုပ်ထားသော ၁၈ တောင်ပမာဏရှိ ပွင့်တော်မူပြီး ဗုဒ္ဓမြတ်စွာလေးဆူကို ရည်ရွယ်၍ ရပ်တော်မူလေးဆူကို တည်ထားကိုးကွယ်ထားပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-08-30 16:35:02

ဖြည့်စွက်ပေးပါ

မန္တလေးအာနန္ဒာစေတီသည် မဟာမုနိရုပ်ရှင်တော်၏ အရှေ့ဘက်စောင်းတန်းအလယ်မှ တောင်ဘက်တည့်တည့်၌ တည်ရှိသည်။ ယင်းစေတီသည် ပုဂံအာနန္ဒာဘုရားနှင့် တည်ဆောက်ပုံ ဆင်တူနေသဖြင့် အာနန္ဒာဘုရားဟု ထင်ရှား၍ စေတီအတွင်းပိုင်း၌ ပုဂံအာနန္ဒာစေတီကဲ့သို့ပင် ဉာဏ်တော် ၁၈ တောင်မြင့်သည့် ရပ်တော်မူ ရုပ်ပွားတော်လေးဆူ ထားရှိသည်။ အာနန္ဒာစေတီကို သိမ်သမုတ်ကာ တည်ထားခဲ့ပြီး အပြင်ဘက် အုတ်ရိုးနီကို အစွဲပြုလျက် ရှေးအခါက သိမ်နီကြီးဟုလည်း ခေါ်ဆိုခဲ့ကြသည်။ ဗဒုံမင်းလက်ထက်က ယင်းတော်မြို့စား ယင်းတော်မိဖုရားက အာနန္ဒာစေတီကို စတင်ကိုးကွယ်ခဲ့ကာ ပုဂံမင်း၏နန်းမတော်သူ ဖြူးမြို့စားက ပြုပြင်ကိုးကွယ်ခဲ့သည်။ မ္တလေးတောင် ဖွံ့ ဖြိုးရေးကို ဆောင်ရွက်ခဲ့သည့် ရသေ့ကြီး ဦးခ္တီကလည်း မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်တွင် အာနန္ဒာစေတီကို ပြုပြင်မွမ်းမံခဲ့သည်။