ပြဿကြီးဘုရား

Listing Description

ပြဿကြီးဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံတွင် တည်ရှိပါသည်။ ကွမ်းတောင် ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရားဖြစ်ပြီး စူဠာမဏိ‌စေတီတော်၏ အရှေ့တောင်ဖက်တွင် တည်ရှိပါသည်။ ပုဂံရှိ ထုထည်ကြီးမားသော ဘုရားစေတီများထဲတွင် တစ်ဆူအပါအဝင်ဖြစ်ပြီး ထူးခြားလှပသော အင်္ဂတေ ပန်းတမော့လက်ရာများတည်ရှိသော စေတီတစ်ဆူဖြစ်ပါသည်။ အေဒီ ၁၂၄၉ ခုနှစ်တွင် ကျစွာမင်းမှ သီဟိုဠ်ပြန် ဓမ္မာသီရိမာထေရ်အတွက် တည်ထားခဲ့ပြီး ပြဿဒါးနေ့တွင် စတင်တည်ခဲ့သည့်အတွက် ပြဿဒါးကြီး (ပြဿဒ်ကြီး)ဘုရားဟုလည်း ခေါ်တွင်ကြသည်ဟု သိရပါသည်။ ဘုရားအဝင်မုခ်တွင် အမိုးခုံးနှစ်ခုအကြား လွတ်နေသော လေဟာနယ်ကို ထောက်ရှု၍ မူလက စေတီတော်အား ပြီးစီးခဲ့သည်အထိ မတည်ဆောက်နိုင်ခဲ့ဟု ဆိုကြသော်လည်း ၁၉၉၈ ခုနှစ်တွင် ပုဂံဘုရားစေတီများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ပြုလုပ်နေစဉ်အတွင်း စေတီတော်ကြီး၏ ကြာလှန် ကြာမှောက်နှင့် ရွဲများကို တွေ့ရှိရသောကြောင့် စေတီတော်ကြီးအား ကျစွာမင်းမှ ပြီးစီးသည်အထိ တည်ခဲ့ကြောင်း မှတ်သားရပါသည်။