လောင်းကြက်နတ်တောင်ဘုရားကြီး

Listing Description

မြောက်ဦးမြို့နယ်၊ လောင်းကြက်တောင်မော်ကျေးရွာအနီး အဉ္စနနဒီလေးမြို့မြစ်၏ အနောက်ဘက်ကမ်းခြေ လောင်းကြက်နတ်တောင်၌တည်ရှိသော သမိုင်းဝင် ကျောက်ဆင်းတုတော်ကြီးတစ်ဆူ ဖြစ်ပါသည်။ ဤဆင်းတုတော်ကြီးကို လေးမြို့ခေတ် ပထမပုရိန်မင်းဆက် ဆဋ္ဌမမြောက်ဘုရင်ကောလိယမင်းက ကောဇာသက္ကရာဇ် ၄၈၅ ခုနှစ် (အေဒီ ၁၁၂၃) တွင် ဂူတော်နှင့်တကွ သိမ်တော်ကြီးပါ ဆောက်လုပ်လှူဒါန်း၍ တည်ထားကိုးကွယ်ခဲ့သည်။ ဆင်းတုတော်သည် ဉာဏ်တော်အမြင့် ၇ တောင် တစ်မိုက်ရှိသော ကျောက်ဆင်းတုတော်ဖြစ်သည်။ ဆင်းတုတော်အနီးရှိ သဘာဝကျောက်ဆောင်များ၌ ရေးထိုးထားသော လေးမြို့ခေတ် ရက္ခဝဏ္ဏအက္ခရာ ရခိုင်စာပေများကို လေ့လာနိုင်ပြီး ထိုတောင်တော်မှ အဉ္စနနဒီလေးမြို့မြစ်၏ သဘာဝရှုခင်းများကိုပါ တွေ့မြင်နိုင်ပါသည်။ ဘုရားတည်ရှိရာ တောင်တော်၏အမည်ကို အစွဲပြု၍ ယနေ့ထက်တိုင် လောင်းကြက်နတ်တောင်ဘုရားဟူ၍ ခေါ်တွင်နေကြပါသည်။