တိဿဘုရားကြီး

Listing Description

မြောက်ဦးမြို့နယ်၊ လောင်းကြက်မြို့ဟောင်းရှိ နန်းကျရွာတွင် တည်ရှိသည့် ကျောက်ဆင်းတုတော်ကြီး တစ်ဆူဖြစ်သည်။ ကောဇာသက္ကရာဇ် ၆၉၂ ခုနှစ် (ခရစ်နှစ် ၁၃၃၀) တွင် ဘုရင်မင်းထီး တည်ထားကိုးကွယ်ခဲ့သည်။ ဤဘုရား၏ ဓမ္မခဏ်ပေါ်၌ မြေလှူပြန်တမ်းကျောက်စာ တစ်ကြောင်းပါရှိသည်။ ဆင်းတုတော်သည် ဉာဏ်တော်အမြင့် ၈ ပေ ၉ လက်မရှိသည်။