သဇင်နွယ်ဝင်း

Listing Description

၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည် ။ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၊ တာမွေတွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ အင်္ဂလိပ်စာဒီပလိုမာဘွဲ့ရခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ B.A (English) ဘွဲ့ ရရှိခဲ့သည် ။

၂၀၁၁ ခုနှစ်တွင် Forever Group မှ MRTV-4 နှင့် Channel 7 အတွက် သူမအား အစီအစဉ် တင်ဆက်သူအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ပထမဆုံး တီဗွီအစီအစဉ်မှာ “ဂီတလေညှင်း” ဖြစ်သည်။ ထို့နောက် MRTV-4 ၏ နံနက်ခင်းသတင်းအစီအစဉ်တွင် တင်ဆက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် “ခေတ်သစ်ပျိုမေ” အစီအစဉ်အတွင် ပါဝင်ခဲ့ပြီး ပရိသတ် သတိထားမိလာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် “Master Chef Myanmar” ပြိုင်ပွဲတွင် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနှစ်တွင်ပင် “Dancing with the Stars Myanmar” တွင် star တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။ လက်ရှိတွင် MRTV-4 တီဗီအစီအစဉ် များစွာတွင် ပါဝင်သရုပ်ဆောင် ထားပြီး Let's Go and Eat ၊ No Challenge No Change ၊ Make Me Beautiful ၊ Forever Group Myanmar Countdown၊ Channel 7 ၏ Beauty Studio အစီအစဉ်များတွင် ပါဝင်သရုပ်ဆောင်ထားသည်။

သူမသည် MPT ၊ ရိုးရာဟင်းခေါက်ဆွဲ ၊ Happy Coffee ၊ Ready Sardine စသည့် တီဗွီကြော်ငြာများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ အထိ ရိုးရာဟင်းခေါက်ဆွဲမှ Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံရသည်။

၂၀၂၀ ပြည့်နှစ်တွင် “လွတ်မြောက်ခြင်း” ဇာတ်ကား၌ မင်းဘုန်းမြတ်၊ တေဇာကျော်၊ မှူးသီဟသူ၊ စုမွန်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။