မှော်ဘီဖျားနာကုအခမဲ့ဆေးခန်းအား ဖွင့်ရက် နှစ်ရက်တိုးဖွင့်လှစ်

Listing Description

ရန်ကုန် အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အားကစားခန်းမ စုပေါင်းရုံးမှတ်တိုင်အနီး ဖွင့်လှစ်ထားသော မှော်ဘီဖျားနာကု အခမဲ့ဆေးခန်းသို့ လာရောက်ပြသသူများ အဆင်ပြေစေရန် ဆေးခန်းဖွင့်ရက် နှစ်ရက်တိုး ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အဆိုပါဆေးခန်းမှ သိရသည်။

ယခင်က ဆေးခန်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီထိ ဖွင့်လှစ်လျက်ရှိပြီး ယခုအခါ သောကြာနှင့် တနင်္ဂနွေနေ့ နှစ်ရက်တိုးကာ ဖျားနာ လူနာများအား ကြည့်ရှုကုသပေးသွားမည်ဖြစ်ကြောင်း ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်လင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် ဆေးခန်းသို့ လာရောက်ပြသသူ ယခင်ထက်များပြားလာပြီး အခက်အခဲအနေဖြင့် လုပ်အားပေး စေတနာ့ဝန်ထမ်းများ လိုအပ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မှော်ဘီမြို့နယ် ဖျားနာကုဆေးခန်း၌ တစ်ပတ်တစ်ရက် လုပ်အားပေးရန် စိတ်ပါဝင်စားသည့် စေတနာ့ဝန်ထမ်း ဆရာဝန်များအနေဖြင့် ဖုန်း- ၀၉၇၆၃၆၇၉၈၉၄ သို့ ဆက်သွယ်၍ ကူညီလုပ်အားပေးနိုင်ကြောင်း သိရသည်။

အေးမင်းသူ