ရန်အောင်

Listing Description

ရန်အောင်ကို ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် အဖဦးတင်မောင်နှင့် အမိ ဒေါ်သိန်းသိန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်လှထွန်း ဖြစ်သည်။

ရုပ်ရှင်မရိုက်ခင် ချစ်နှင်းဆီလှလှလေး ဇာတ်ကား၌ နောက်ခံသီချင်းဆိုပေးခဲ့ဖူးသည်။ အနုပညာလောကထဲသို့ ၁၉၈၅−ခုနှစ်၊ ဒါရိုက်တာ မျိုးမြင့်အောင်၏ အချစ်ခြင်းတူရင် မောင်မောင်တို့က အရှုံးပေးလိုက်မယ် ရုပ်ရှင်ကားဖြင့် စတင်ခဲ့သည်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလလ ၁၄ ရက်နေ့တွင် ရုပ်ရှင်မင်းသား ဝင်းဦးကွယ်လွန်ခဲ့သဖြင့် ရိုက်ကူးဆဲဖြစ်သော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဝင်းဦးကိုယ်စား အစားထိုးသရုပ်ဆောင်ပေးရသည်။ ရရှိခဲ့သော အကယ်ဒမီဆုများမှာ−

၁၉၉၁−ခုနှစ်၊ မယ်သီတာလို မိန်းကလေး

၁၉၉၅−ခုနှစ်၊ ပုဂံမှာ သာတဲ့လ

၁၉၉၆−ခုနှစ်၊ အလင်းဖျော့ကောင်းကင်

၁၉၉၈−ခုနှစ်၊ ညမင်းသား

၂၀၀၀−ခုနှစ်၊ မောဟမျဉ်းပြိုင်များ

၂၀၀၆−ခုနှစ်၊ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ

Myanmar Idol Season 3 တွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်လုပ်ဆောင်ခဲ့သည်။