ဇော်ခင် (၁၉၃၉ - ၂၀၁၃

Listing Description

အဖဦးအုန်း၊ အမိဒေါ်မြရီတို့မှ ၁၃၀၁ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၅ယောက်ရှိသည်။

ဒါရိုက်တာ ဦးကျော်သန်း၏ ချိန်းမိလေသောညဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် စတင်ရိုက်ကူးခဲ့ပြီး နာမည်ကျော်ကြားခဲ့သည်။ ထို့နောက် ရေပွက်ပမာ ရုပ်ရှင်ဇာတ်ကားထွက်ရှိခဲ့ပြီး ပိုမိုအောင်မြင်လာခဲ့သည်။

ရှပ်အင်္ကျီကော်လံ နောက်လှန်ထားသော သူ၏စတိုင်ကိုလည်း လူငယ်များ အတုယူခဲ့ကြသည်။ ဒါရိုက်တာဦးကျော်သန်း၊ ဦးသန်းကျော်ဌေးတို့နှင့် တွဲဖက်ရိုက်ကူးခဲသည်။၊ မင်းသား ကြီးဦးမြတ်လေး၊ဒေါ်ဝါဝါ ဝင်း ရွှေ၊ဒေါ်ခင်သန်းနု၊ ဖျာပုံမယ် တင်တင်အေးတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရိုက်ကူးခဲ့သော ရုပ်ရှင်ကားကြီးမှာ မှော်ဝင်ကြိုးဖြစ်သည်။ နောက်ပိုင်းတွင် ရုပ်ရှင် လောကနှင့်ကင်းကွာခဲ့သော် လည်း ရုပ်ရှင်ကိုချစ်မြတ်နိုးစိတ် အမြဲရှိပြီးရုပ်ရှင်နှင့် ပတ်သက် သော သူ့ဘဝအတွေ့အကြုံ များစွာကိုဆောင်းပါးများပြန် ရေးခဲ့သူဖြစ်သည်။

၂၂-၁၁-၂၀၁၃(သောကြာနေ့) မွန်းလွဲ ၁၂း၁၅ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်သစ်ရပ်ကွက်၊ အမှတ်(၆)၊ အောင်ဇေယျ (၈)လမ်း၊ သုဝဏ္ဏနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်ရှိပြီဖြစ်သည်။