အောင်ရဲလင်း

Listing Description

အောင်ရဲလင်းကို ၁၉၈၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး အကိုဖြစ်သူအမည်မှာ ဖြိုးရဲလင်းဖြစ်သည်။ ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်တွင် မူလတန်းအဆင့်တက်ရောက်ခဲ့ပြီး အလယ်တန်းနှင့် အထက်တန်းအဆင့်ကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ဂျွန်လွင်မော်ဒယ်သင်တန်းသို့ တက်ရောက်ခဲ့သည်။ John Lwin's  International Modeling Agency ၏ မော်ဒယ်အဖြစ် Advertising Show ပေါင်းများစွာတွင် ပါဝင်လျက် မော်ဒယ်တစ်ဦးအဖြစ် အချိန်အတော်ကြာ ရပ်တည်ခဲ့သည်။။ ၂၀၀၆ ခုနှစ်တွင် Snow White ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ချိတ်ဆက်ခဲ့ပြီး သရုပ်ဆောင်လောကသို့ ဝင်ရောက်လာခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ဒါရိုက်ကြည်ဖြူသျှင် ရိုက်ကူးသော “ရေသူမ” ဇာတ်ကားတွင် မင်းသမီး သင်ဇာဝင့်ကျော်၊ စိုးပြည့်သဇင် တို့နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အောင်ရဲလင်းသည် လက်ရှိအချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဗီဒီယိုဇာတ်ကားများ၊ စီးပွားရေးကြော်ငြာများစွာတွင် ပါဝင်သရုပ်ဆောင်ထားသည်။