ရတနာစေတီဆင်များရှင်ဘုရားကြီး

Listing Description

ရတနာစေတီဆင်များရှင်ဘုရားသည် စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်တွင် တည်ရှိသည်။ သက္ကရာဇ် ၇၉၂ ခုနှစ်တွင် အင်းဝဘုရင် သီရိဓမ္မာရာဇာမင်းကြီးက တည်တော်ထားကိုးကွယ်ခဲ့သည်။ သက္ကရာဇ် ၈၄၇ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ကွဲအက်ခဲ့ရာ ဒုတိယအကြိမ် သီရိသုဓမ္မရာဇာဓိပတိ ဒုတိယမင်းခေါင် နှင့် မယ်တော် အမိတ္တသီရိ မှ ပြန်လည်ပြုပြင်ခဲပြီး တံတိုင်းပတ်လည်တွင် ဆင်ရုပ်များခံ၍ "ရတနာစေတီဆင်များရှင်"ဟု ဘွဲ့တော်သွင်ခဲ့ကြောင်း သိရသည်။ သက္ကရာဇ် ၉၉၀ ခုနှစ်တွင် သာလွန်မင်းတရားကြီး နှင့် သက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် ဘိုးတော်မင်းတရားတို့မှ ရွှေထီးတော်အသစ်များ ထပ်မံတင်လှူတော်မူခဲ့သည်။ သက္ကရာဇ် ၁၂၀၀ ခုနှစ်တွင် ဒုတိယငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရာ ၁၂၈၂ ခုနှစ်တွင် ရသေ့ကြီးဦးခန္တီ မှ ပြန်လည်ပြုပြင်၍ လိုဏ်မုခ်တစ်ခု တည်ဆောက်ပြီး ကျောက်ဆင်းတု ရုပ်ပွားတော်တစ်ဆူပူဇော်ခဲ့သည်။ သက္ကရာဇ် ၁၃၀၈ ခုနှစ်တွင် တတိယအကြိမ် ငလျင်ဒဏ်ကြောင့် ထီးတော်မြေခခဲ့ပြီး ၁၃၁၁ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့မှ စောင့်ရှောက်ခဲ့ပြီး ၁၃၁၂ ခုနှစ်တွင် စေတီတော်ပြုပြင်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။သက္ကရာဇ် ၁၃၁၈ ခုနှစ်တွင် စတုတ္ထအကြိမ် ငလျင်ဒဏ်ကြောင့် အုတ်ပုံကြီးအဖြစ်ပြိုကျခဲ့ရာ ၁၃၁၉ ခုနှစ်မှ စ၍ ပြုပြင်ခဲ့ပြီး ၁၃၂၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။