ရှင်ပင်နံကိုင်းစေတီ

Listing Description

ရှင်ပင်နံကိုင်းစေတီသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဧရာဝတီမြစ်ကမ်းနံဘေးတွင်ရှိသော နံကိုင်းတောင်တွင် တည်ရှိပြီး တောင်၏အမည်ကို အစွဲပြု၍ နံကိုင်းစေတီဟု ခေါ်ဝေါ်ကြသည်။ စေတီ၏ဘွဲ့တော်အမည်မှာ ရန်အောင်မြင် စေတီဖြစ်ပါသည်။ သက္ကရာဇ် ၄၂၀ ခုနှစ်တွင် ကျန်စစ်သားမင်းကြီး၏ သမီးတော် ရွှေအိမ်စည်မင်းသမီး၏ အထိန်းတော် ကြံသိုင်းအမတ်ကြီး တစ်ဦးမှ တည်ထားကိုးကွယ်ခဲ့ပါသည်။  စေတီတော်သည် ဉာဏ်တော် ၅၅ တောင် မြင့်ပါသည်။ စေတီတော်ကို အင်းဝသတိုးမင်းခေါင်ဘုရင်က ထပ်မံ ပြုပြင်ခဲ့သည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ဝါခေါင်လကွယ်နေ့၌ ကျင်းပပါသည်။