ဆရာစံသဘာဝထုံးကျောက်ဂူ

Listing Description

ဆရာစံဂူမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ကုလားခွဲ အုပ်စု ဟိုခိုကျေးရွာ၏ အရှေ့တောင်ဘက်ရှိ သမိုင်းဝင် သဘာဝထုံးကျောက်ဂူကြီး တစ်လုံးဖြစ်ပါသည်။ ဟိုခိုရွာမှတဆင့် တောလမ်းအတိုင်း တစ်မိုင်ခန့်သွားရပါသည်။ ကျောက်ဂူကြီးမှာ ဝင်ပေါက် ၃ပေါက်ရှိ၍ ယခင်က တစ်မိုင်ကျော် ရှည်လျားသည်ဟုသိရပြီး ယခုအခါ မြေပြိုခြင်း၊ လိုဏ်ခေါင်းများအတွင်း ရေများစီးဝင်ခြင်းတို့ကြောင့် တောင်မြောက်အလျားပေ ၁၂၀ခန့် အရှေ့အနောက် ပေ ၆၀ ခန့် ကျယ်ဝန်းပါသည်။ သာယာဝတီနယ်တွင် လူသူစုဆောင်းပြီးနယ်ချဲ့ကို တော်လှန်ခဲ့သော ဂဠုန်ဆရာစံသည် အင်အားမမျှသဖြင့် ရှမ်းပြည်နယ်သို့တိမ်းရှောင်ခဲ့စဉ်ကာလအတွင်း နောင်ချိုမြို့နယ် ဟိုခိုရွာအနီး ဂူတွင်  နောက်ပါအချို့နှင့်အတူ ခိုအောင်းခဲ့ကြခြင်းဖြစ်သည်။ ၁၉၃၁ ခုနှစ်က ဆရာစံနှင့် နောက်ပါအချို့ ခိုအောင်းခဲ့သဖြင့် ယခုတိုင် ဆရာစံဂူဟု အမည်ခေါ်တွင်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။