ဆရာစံပြသာဒ်

Listing Description

အင်္ဂလိပ်အစိုးရအား တော်လှန်တိုက်ခိုက်ခဲ့သူ ဆရာစံ ခေတ္တခဏပုန်းအောင်းခဲ့ရာ ပြသာဒ်သည် ရှမ်းပြည်နယ် နောင်ချိုမြို့မှ ငါးမိုင်ခန့်အကွာ မျက်ချင်းနုကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်ဝင်းအတွင်း တည်ရှိပါသည်။ ပြသာဒ်သည် သစ်သားအဆောက်အအုံဖြစ်ပြီး အင်္ဂလိပ်အစိုးရက ဆရာစံပုန်းအောင်းရာနေရာကို သတင်းစုံးစမ်းသိရှိ၍ လိုက်လံဖမ်းဆီးသောအခါ ဆရာစံသည် ဤပြသာဒ်၏ ဒုတိယဘုံအထပ်တွင် ပုန်းအောင်းနေထိုင်ခဲ့သည်ဟု သိရပါသည်။ လက်ရှိတွင် ပြသာဒ်အား ကျောင်းထိုင်ဆရာတော်က ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ထားပြီး ပြသာဒ်အတွင်း၌ ရှေးဟောင်းဗုဒ္ဓဆင်းတုရုပ်ပွားတော်များကို ဖူးမြင်နိုင်ပါသည်။