ရွှေစံဦးစေတီတော်

Listing Description

ရွှေစံဦးစေတီတော်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊သုံးဆယ်အုပ်စု၊သုံးဆယ်ကျေးရွာ၌ တည်ရှိပါသည်။ သမိုင်းဝင် ရွှေစံဦးစေတီတော်သည် သုံးဆယ်၏ ကျက်သရေဆောင် ဖြစ်ပါသည်။ ဘုရားဝင်းထဲတွင် အလောင်းတော်ကဿပကျောင်းဆောင်ဟု ခေါ်သော ပါဠိကျောက်စာတိုက်နှင့် ဇရပ် ရှိပြီး လေးဒေါင့်ကျကျ အုတ်တံတိုင်းကြီး ကာရံထား၍ ဝင်ပေါက် ၄ ခု ရှိပါသည်။ ရှေးအစဉ်အဆက်ကျင်းပခဲ့သော ရှမ်းပြည်နယ်၏ ထင်ရှားသော တပေါင်းပွဲကိုးပွဲတွင် သုံးဆယ်ရွာ ရှိ ရွှေစံဦးစေတီ တပေါင်းပွဲတော်လည်း အပါအဝင်ဖြစ်သည်။