ဇင်းကျိုက်ကျောက်သင်္ဘောရေတံခွန်

Listing Description

ဇင်းကျိုက်ရေတံခွန်သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးတွင် တည်ရှိသည်။ ဇင်းကျိုက်ဆံတော်ရှင်စေတီ တည်ရှိရာ တောင်တန်း အစွန်းတွင် တည်ရှိနေပြီး ရေတံခွန်အပေါ်ရှိစေတီမှာ ကျောက်သင်္ဘောစေတီ ဖြစ်ပါသည်။ ယခုအခါတွင် ပေါင်မြို့နယ် ဇင်းကျိုက်မြို့အတွင်းရှိ ကျောက်သင်္ဘော ရေတံခွန်မှာ အနယ်နယ် အရပ်ရပ်မှ ခရီးသွား အပန်းဖြေသူများနှင့် နိုင်ငံခြားခရီးသွား ဧည့်သည်များလည်း လာရောက် လည်ပတ်မှု များလာသောကြောင့်  ကျောက်သင်္ဘောရေတံခွန် အပန်းဖြေစခန်းကို  မြို့နယ် စည်ပင်သာယာရေး ကော်မတီက ဦးဆောင်၍ သာယာလှပပြီး အပန်းဖြေစခန်းအင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်ဆောင်ရွက်ထားပါသည်။