ရွှေမြင်တင်ချမ်းသာရ ချောင်းသာစေတီတော်

Listing Description

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှ ၃၂ မိုင်အကွာရှိ ဟိုခိုကျေးရွာ အုပ်စု ချောင်းသာကျေးရွာတွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီးကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရသည်။ သက္ကရာဇ် ၁၂၈၁ ခုနှစ်တွင် စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံ၍ ထီးတော်တင်လှူပူဇော်ခဲ့ပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကု နှစ်စဉ်တပို့တွဲလပြည့်နေတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။