မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်

Listing Description

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေး မြေပြင်အတတ်သင်လေတပ်စခန်းအနီး တည်ရှိပြီး လေကြောင်း နှင့် အာကာသ ဆိုင်ရာ အင်ဂျင်နီယာ ပညာရပ်များကို ပို့ချပေးနေသော တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ လေကြောင်းနည်းပညာများနှင့် ပတ်သတ်သော ဘွဲ့ကြိုသင်တန်း ဘွဲ့လွန်သင်တန်းများကို တက်ရောက်သင်ယူနိုင်ပါသည်။ မြန်မာနိုင်ငံတွင် လေကြောင်းအင်ဂျင်နီယာဌာနကို ၁၉၉၁ ခုနှစ်၌ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှစတင်၍ B.E (Aeronautical) ဘွဲချီးမြှင့်ခဲ့ကာ ၁၉၉၇ ခုနှစ်တွင် လေကြောင်းအာကာသအင်ဂျင်နီယာ သင်တန်းအဖြစ် အဆင့်တိုးမြှင့်ခဲ့ပါသည် တက္ကသိုလ် ပရိဝုဏ်မှာ ၁၁၅.၈၄ ဧက ကျယ်ဝန်းပါသည်။ မြန်မာနိုင်ငံလေကြောင်းနှင့် အာကသပညာတက္ကသိုလ်မှ ပေးအပ်ချီးမြှင့်သောဘွဲ့များ -

ဘွဲ့

- စက်နှင့်ပျံသန်းယာဉ် အင်ဂျင်နီယာသင်တန်း (BE.Aerospace-Propulsion and Flight Vehicles)

- လေကြောင်းအီလတ်ထရောနစ် အင်ဂျင်နီယာသင်တန်း (BE.Aerospace-Avionics)

- လျှပ်စစ် နှင့် တိုင်းတာပစ္စည်း အင်ဂျင်နီယာသင်တန်း (BE.Aerospace-Electrical Systems and Instrumentation)

- လောင်စာ နှင့် တွန်းကန်ပစ္စည်း အင်ဂျင်နီယာသင်တန်း (BE.Aerospace-Fuel and Propellant Engineering)

- အာကာသစနစ် အင်ဂျင်နီယာ သင်တန်း (BE.Aerospace-Space Systems Engineering)

ဘွဲ့လွန်ဒီပလိုမာ

- လေဆိပ် စီမံခန့်ခွဲမှု နည်းပညာ (Dip.A.M.)

- Aerospace Materials Technology (Dip.A.M.Tech.)

- Airport Engineering (Dip.A.Engg.)

- Space Technology (Dip.S.Tech.)

ဒီပလိုမာ

- Avionic Technology (Dip.A.Tech.)

- Electrical & Instrumentation Technology (Dip.E.I.Tech.)

- Engine and Airframe Technology (Dip.E.A.Tech.)