မုန်တိုင်အုတ်ဇရပ်

Listing Description

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၏ အနောက်အရပ် ၁၀ မိုင်အကွာ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမဘေးရှိ မုန်တိုင်ကျေးရွာတွင် ထီလာပုဂံဟု တင်စားခေါ်ဝေါ်ကြသော ရှေးဟောင်းဘုရားစေတီပုထိုးပေါင်း ၈၆ ဆူရှိပါသည်။ ထိုဘုရားစေတီပုထိုးများစွာထဲမှ မန္တလေးရတနာပုံခေတ်တွင် ကိုးမြို့ဝန် ဦးလူတုတ်မှ လှူဒါန်းထားသော တိုက်ဇရပ်၏ ပန်းတမော့လက်ရာများသည် အထူးကောင်းမွန်ကာ နတ်၊ သိကြား၊ ဗြဟ္မာ၊ မနုသီဟ၊ ဆင်၊ မြင်းနှင့် နဂါး ရုပ်ထုများကို လက်ရာမြောက်စွာ ထုလုပ်ထားပါသည်။ ဇရပ်ကြီးသည် အလျား ပေ ၈ဝ၊ အနံပေ ၃ဝ၊ အမြင့် ပေ ၈ဝ ရှိကာ  မုခ်ပေါက် ၇ ပေါက်ပါ စိန်တောင်ကာ တစ်ထပ်တိုက်ဇရပ်မျိုး ဖြစ်ပြီး အမိုးကို ကျွန်းသစ် ထုပ်လျှောက်တို့ခံကာ ၎င်းတို့အပေါ်တွင် အုပ်ချပ်များ မိုးထားပါသည်။