အတုလရံသီရွှေသာလျောင်း

Listing Description

အတုလရံသီရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီးသည် မြိတ်တစ်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထော်ပထက်ကျွန်းပေါ်တွင် တည်ထားကိုးကွယ်ထားပါသည်။ အတုလရံသီရွှေသာလျောင်း ဘုရာကြီးကို ၁၉၅၅ ခုနှစ်တွင် မြိတ်မြို့တစ်ဖက်ကမ်း ပထက်တောင်ခြေ၌ ပန်းချီ၊ ပန်းပု၊ ပန်းရံဆရာကြီး ဦးသောင်းက ခေါင်းပွ သံကူ ကွန်ကရစ် နည်းပညာဖြင့် တာဝန်ယူတည်ဆောက်ပေးခဲ့ပြီး၊ ဘုရားကြီး၏ ဉာဏ်တော်အလျား ၂၁၆ ပေ၊ အမြင့် ၅၇ ပေရှိကာ၊ ပလ္လင်တော် အလျားမှာ ၂၂၅ ပေ ရှိပါသည်။ မြိတ်မြို့ဘက်သို့ မျက်နှာမူ၍ တည်ထားသောကြောင့် မြိတ်ဆိပ်ကမ်းမှလည်း လှမ်းမြင်ဖူးမြှော်နိုင်ပါသည်။