နည်းပညာတက္ကသိုလ်(မိတ္ထီလာ)

Listing Description

နည်းပညာတက္ကသိုလ်(မိတ္ထီလာ)သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာ-ပင်းတလဲလမ်း၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ တက္ကသိုလ်ပရဝုဏ်အကျယ်အဝန်း ဧရိယာမှာ ၅၁.၆၅ ဧက ဖြစ်ပါသည်။ ၁၉၈၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် အစိုးရနည်းပညာအင်စတီကျုအဖြစ် မိတ္ထီလာမြို့အရှေ့ဘက်ရှိ တောမကျေးရွာအုပ်စု၌ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လက်ရှိနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၂၅ တွင် အစိုးရနည်းပညာကောလိပ်ဖြစ်လာခဲ့ပါသည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ နည်းပညာတက္ကသိုလ်(မိတ္ထီလာ)တွင် အောက်ပါသင်ကြားရေးဌာနများ ပါရှိသည်။

(၁) မြို့ပြအင်ဂျင်နီယာဌာန

(၂) အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာ ဌာန

(၃) လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန

(၄) စက်မှုအင်ဂျင်နီယာဌာန

(၅) သတင်းအချက်အလက်နည်းပညာဌာန