ဆင်ကြိုရွှေကူဘုရား

Listing Description

အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အမရပူရနန်းမြို့ရိုး‌ဟောင်း၏ အနောက်မြောက်ဘက်အနီး၊ မန္တလေး - စစ်ကိုင်း ကားလမ်းဘေးတွင် တည်ရှိသည်။ သက္ကရာဇ် ၁၁၄၁ ခုနှစ်တွင် ဘိုးတော်ဘုရား(ဗဒုံမင်း) တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်သည် ဖိနပ်တော် ၅၅ တောင်၊ ဉာဏ်တော်အမြင့် ၆၇ တောင်နှင့် ကုလားကျောင်း ၂၅ တောင်ရှိပြီး ထိုကုလားကျောင်း၏ ထောင့်လေးထောင့်အပေါ်တွင် အရံစေတီတစ်ဆူစီ ပါရှိသည်။ ထိုအထက်တွင်ပစ္စယံ သုံးဆင့်တင်ထားသည်။ တစ်ထောင့်စီတွင် မြူတာ ၄ လုံး ပါဝင်သည်။ စေတီတော်၏ ဂန္ဓကုဋိတိုက်အတွင်း သရက္ခန်ဆင်းတုတော်တစ်ဆူ ကိန်းဝပ်လျက်ရှိသည်။ စေတီတော် ပရိဝုဏ်အတွင်းရှိ ဘုရားဦးဇရပ်ကို ထန်းတပင်မြို့စားမိဖုရားကလည်းကောင်း၊ တောင်ဇရပ်ကို ပကင်းမြို့စားမိဖုရားကလည်းကောင်း လှူဒါန်းခဲ့သည်ဟု သိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း အရပ်သားများသည် ဤစေတီတော်တွင် ဝင်ရောက်ပုန်းခိုခဲ့ကြရာ စစ်အတွင်း ဗုံးဒဏ်မခံရဘဲ ချမ်းသာရာရခဲ့ကြသဖြင့် ဆင်ကြိုရွှေကူဘုရားကို 'ကပ်ကျော်ဘုရား'ဟုလည်း ဘွဲ့အမည်ခေါ်တွင်ကြသည်။ စေတီတော် ပရိဝုဏ်အတွင်းတွင် ဗားမဲ့သိမ်တော်၊ သိကြားဂူ၊ ကျောက်စာကုန်းစေတီ၊ သံသေကပ်ကျော်ဘုရားနှင့် သုဓမ္မာဇရပ်တို့ကို မြင်တွေ့နိုင်ပါသည်။