သုဓမ္မာဇရပ်

Listing Description

အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အမရပူရနန်းမြို့ရိုး‌ဟောင်း၏ အနောက်မြောက်ဘက်အနီး၊ မန္တလေး - စစ်ကိုင်း ကားလမ်းဘေး၊ ဆင်ကြိုရွှေကူဘုရား အရှေ့ဘက်မုခ်ဦးအနီးတွင် တည်ရှိပါသည်။ မင်းတုန်းမင်း၏ မြောက်နန်းမိဖုရား သီရိမဟာ ရတနာမင်္ဂလာဒေဝီ(မိဖုရားခင်သဲ)က သက္ကရာဇ် ၁၂၁၆ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက်နေ့တွင် ရေစက်သွန်းချ လှူဒါန်းခဲ့သည်ဟု သိရပါသည်။ ဇရပ်အတွင်း မှန်စီရွှေချပလ္လင်ပေါ်တွင် လောကမာရ်အောင် ဘွဲ့အမည်ရှိ ဆင်းတုတော်ကြီးတစ်ဆူကို ဖူးမြင်နိုင်ပါသည်။