ဗဒုံမင်းဂူဗိမာန် (အရိုးအိုးစေတီ)

Listing Description

အမရပူရနန်းတော်ရာ၏ အရှေ့တောင်ထောင့် ရွှေစံကားစေတီတော်၏ မြောက်ဘက်တွင် တည်ရှိသည်။ ပေ ၈၀ ပတ်လည်အကျယ်ရှိ ပရိဝုဏ်အတွင်း အလယ် ပေ ၅၀ ပတ်လည်ရှိ ကုလားကျောင်းခံစေတီ တည်ထားပြီး မုခ် ၁၂ ပေါက်ရှိသည်။ အရိုးအိုးစေတီများ၏ ထုံးစံအတိုင်း အလယ်တွင် ရုပ်ပွားဆင်းတုတော် တည်ထားသည်။ အရှေ့ဘက်မျက်နှာစာတွင် အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ကျောက်စာ စိုက်ထူထားသည်။ ရှေးဟောင်းသုတေသနဌာနမှ ထိန်းသိမ်းထားသည်။