နှစ်ကျိပ်ရှစ်ဆူတန်ဆောင်း

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြောက်ဘက် ဓာတ်လှေကားစောင်းတန်း မုခ်ဝအနီးရှိ ဒေါ်သင်းမြိုင်တန်ဆောင်းနံဘေးမှ လမ်းကြားကလေးခြားလျက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများရှိသော ဦးခလာသီ၊ ဒေါ်ကျုံးတန်ဆောင်း ရှိ၏။ ထိုတန်ဆောင်းကို ၁၂၅၅ ခုနှစ်တွင် လှူဒါန်းခဲ့ကြောင်း ကမ္ပည်းကျောက်စာ ရှိ၏။ တန်ဆောင်းအတွင်းမှ နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို သိင်္ဂီဦးဆရာတော်ကြီး လှရတနာဆရာတော် အမှူးပြုသော အလှူရှင်တို့က (၂၂၊ ၉၊ ၂၀၁၈) နေ့တွင် လှူဒါန်းကြောင်း ကမ္ပည်းစာ ရေးထိုးထားသည်။ နှစ်ကျိပ်ရှစ်ဆူ ဆင်းတုတော်များမှာ ရပ်တော်မူဆင်းတုများဖြစ်၍ မုဒြာဟန်အမျိုးမျိုးဖြင့် တွေ့ရသည်။ ထိုနှစ်ကျိပ်ရှစ်ဆူသော ဘုရားများ၏ ဖြစ်တော်စဉ် ဗုဒ္ဓဝင်အကျဉ်းတို့ကို ကြေးပြားများပေါ်တွင် ရေးထွင်း ဖော်ပြထားသည်။