ဘုရားကြီးစေတီ

Listing Description

ဘုရားကြီးစေတီသည် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့၏အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသော သရေခေတ္တရာပျူမြို့ဟောင်း၏ အနောက်မြောက်ဘက် ပြည်-အောင်လံ ကားလမ်းဘေးတွင် တည်ရှိပါသည်။ အေဒီ လေးရာစုမှ ခုနစ်ရာစုအတွင်း တည်ထားခဲ့သော ပျူခေတ်လယ်လက်ရာစေတီဖြစ်ပြီး ဒွတ္တဘောင်မင်းကြီး တည်သော စေတီကိုးဆူအနက် တစ်ဆူအပါအဝင်ဖြစ်ပါသည်။                           ဘုရားကြီးစေတီသည် ဉာဏ်တော် ၁၃၉ ပေ၊ လုံးပတ် ၃ဝ၇ ပေရှိပြီး စေတီတော်၏ ပစ္စယံလေးဆင့်တွင် ၁၆ ထောင့်ရှိသည့် ပစ္စယံသုံးဆင့်နှင့် အဝိုင်းပုံ ပစ္စယံတစ်ဆင့် ရှိပါသည်။ စေတီတော်သည် အလွန်ကြီးမားသဖြင့် "မဟာစေတီ" ဟု ခေါ်ဝေါ်သမုတ်ကြသည်။ စေတီတော်သည် ယခုခေတ်မြန်မာစေတီတော်များ၏ ပုံစံသို့ စတင်ပြောင်းလဲလာသော အဆောက်အအုံပုံစံ ဖြစ်ပါသည်။