ပုဂံမျှော်ဘုရား

Listing Description

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ၂၄ မိုင်ခန့်အကွာ၊ ပခန်းငယ်ကျေးရွာတွင် တည်ရှိပါသည်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက်တွင် အရည်းကြီးများသည် ပခန်းငယ်အရပ်သို့ ထွက်ပြေးတိမ်းရှောင် နေထိုင်ခဲ့ရာ ပုဂံကို လွမ်းဆွတ်တသကြသဖြင့် ပုဂံမျှော်ဘုရားကို တည်ထားခဲ့သည်ဟု ပါးစပ်ရာဇဝင်များ အရ သိရပါသည်။ ဘုရားတည်ရာတွင် ပုဂံမြို့ရှိရာ မြောက်ဘက်အရပ်သို့ အာရုံခံမုခ်ပေါက် ပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။ ကွမ်းတောင်ပေါက်ထားသည့် ဂူဘုရားတစ်ဆူဖြစ်ပြီး ဉာဏ်တော်အမြင့် ၄၆ ပေ ၁ဝ လက်မရှိပါသည်။ ပစ္စယာသုံးဆင့်ရှိပြီး ဖောင်းရစ်ခုနစ်ရစ် ပြုလုပ်ထားသည်။ ဂန္ဓကုဋိတိုက် အတွင်းတွင် ဘူမိဖဿမုဒြာဟန် အင်္ဂတေရုပ်ပွားတော်တစ်ဆူကို ဖူးမြော်နိုင်ပြီး ရှေးဟောင်း နံရံဆေးရေးပန်းချီများကို လေ့လာတွေ့မြင်နိုင်ပါသည်။