စလေရုပ်စုံကျောင်း

Listing Description

စလေရုပ်စုံကျောင်းသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ စလေမြို့၊ စလေ-မုံရွာကားလမ်းဘေး တွင်တည်ရှိပြီး ရတနာပုံခေတ်လက်ရာ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံတစ်ခုဖြစ်သည်။ စလေရုပ်စုံကျောင်းကို မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် စလေမြို့ မြောက်ရပ်မှ ကုန်သည်ဦးဘိုးကြည်က သုဓမ္မာဂိုဏ်းထောက်ဆရာတော် ဦးဂုဏ သီတင်းသုံးရန် တည်ဆောက်ခဲ့ရာ ဆောက်လုပ်ချိန် ၁ဝနှစ်ကြာခဲ့ပြီး ၁၂၅၄ ခုနှစ် တွင် ပြီးစီး ခဲ့သည်။ရှေး ဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ စလေရုပ်စုံကျောင်းကို ၁၉၉၂ ခုနှစ်တွင် ပြန်လည် မွမ်းမံခဲ့ကာ ၁၉၉၅ ခုနှစ်တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။ ကျောင်းတော်ကြီးတွင် လုံးပတ် ငါးပေခန့်ရှိသော တိုင်လုံးရေ ၁၅၄ လုံးရှိပြီး ရုပ်တုပေါင်း ၅၄ ရုပ်ရှိကာ ၅၅၀ ဇာတ်တော်ထဲမှ ဇာတ်တော်အချို့ကို ရွေးချယ်ထွင်းထုထားပြီး စလေဒေသတစ်ဝိုက်မှ တွေ့ရှိစုဆောင်း ရရှိသော ရှေးဟောင်း ပစ္စည်းများကိုလည်း ပြသထားပါသည်။