သက်တော်ရစေတီ

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်း၏အနောက်ဘက် တစ်မိုင်ခန့်အကွာ သက်တော်ရှည်စေတီ၏ အရှေ့ဘက်အနီးရှိ လက်ကောက်ဈီးရပ်ကွက်တွင် ပေ ၅၀ ခန့်မြင့်သော ရွက်ကားတောင်ကုန်းပေါ်၌ တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၇၇ ခုနှစ် (အေဒီ ၁၅၁၅)တွင် ဘုရင်မင်းစောအို စတင်တည်ထားခဲ့သည်။ မင်းစောအိုသည် အသက်အရွယ်ကြီးရင့်ပြီးမှ ထီးနန်းစိုးစံခဲ့ရရာ ၆ လသာ စိုးစံခဲ့ရသဖြင့် စေတီတော်အား ပြီးမြောက်အောင်မြင်အောင် မတည်နိုင်ခဲ့ပေ။ ဘုရင် မင်းခေါင်ရာဇာသည် ကောဇာသက္ကရာဇ် ၈၈၇ ခုနှစ် (အေဒီ ၁၅၂၅)တွင် ဤသက်တော်ရစေတီကို ပြီးစီးအောင်တည်ထားခဲ့သည်။ စေတီတော်သည် လိုဏ်ဂူအောက်ခံဖြင့် အပေါ်တွင် ထုချွန်ပုံရှိကာ အရံစေတီ ၄ ဆူဝန်းရံထားပြီး စေတီအောက်ခြေ အလျား ပေ ၂၀၊ အနံ ၁၈ ပေခွဲနှင့် ဉာဏ်တော်အမြင့် ၂၆ ပေရှိသည်။ စေတီတစ်ဆူလုံးကို ကျောက်ဆစ်အနုလက်ရာ ပန်းပွင့်များဖြင့် တန်ဆာဆင်ထားပြီး ရင်ပြင်တော်ကို ကြွေရည်သုတ်အုတ်ချပ်များဖြင့် ခင်းထားသည်။ စေတီတော်၏ လိုဏ်ဂူထဲတွင် ကျောက်ဆင်းတုတော် တစ်ဆူ ကိန်းဝပ်တည်ရှိသည်။ ကောဇာသက္ကရာဇ် ၁၀၇၂ ခုနှစ် (အေဒီ ၁၇၁၀) တွင် ဘုရင်စန္ဒဝိဇယရာဇာက ဤစေတီတော်အား ထပ်မံပြုပြုင်ခဲ့သည်။