ဂွေးချိုကန် (ခေါ်) တောင်ဝကန်

Listing Description

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ရေနံချောင်း-ချောက်-ကျောက်ပန်းတောင်း လမ်းဆုံအနီးတွင် တည်ရှိသည်။ အကယ်ဒမီဆုရ ရုပ်ရှင်ကားကြီးဖြစ်သည့် “ပန်းမြိုင်လယ်ကဥယျာဉ်မှူး” ဇာတ်ကားရိုက်ခဲ့သော ကန်ကြီးဖြစ်သည်။ ကန်အတွင်း ထန်းပင်များနှင့် ကန်ဘေးရှိ ဂွေးချို တောင်တန်းကြီးကြောင့် သာယာလှပသော ကန်ကြီးတစ်ကန်ဖြစ်သည်။