ကိုးဆောင်ကျောင်း

Listing Description

ကိုးဆောင်ကျောင်းသည် စလေမြို့၊ ဒက္ခိဏဝံကျောင်းတိုက်အတွင်းတည်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၃၁ ခုနှစ်တွင် ဦးဝိုက်နှင့် ဇနီးဒေါ်အိမ်ကြွယ်တို့မှ ဆရာတော်ဦးဂုဏ သီတင်းသုံးနေထိုင်ရန် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ အဆောင်ကိုးဆောင်ပါဝင်သောကြောင့် ကိုးဆောင်ကျောင်းဟု အမည်တွင်သည်။ ရတနာပုံခေတ် ဗိသုကာလက်ရာများ လေ့လာနိုင်သော အဆောက်အအုံများထဲမှ တစ်ခုဖြစ်သည်။