နာမ်တော်ပေါက်စေတီ

Listing Description

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ၂၄ မိုင်ခန့်အကွာ၊ ပခန်းငယ်ကျေးရွာတွင် တည်ရှိပါသည်။ သာမန်မြေစိုက်စေတီတစ်ဆူဖြစ်ပြီး အေဒီ ၁၉ ရာစု၊ ရတနာပုံခေတ်လက်ရာဖြစ်သည်။ နာမ်တော်ပေါက်စေတီကို မင်းတုန်းမင်းလက်ထက်တွင် ကုခန်းငယ်မြို့သူကြီး ဦးသိုက်တူက ရှင်ပင်ကာဆီးဘုရားပုဂံမျှော်ဘုရားတို့နှင့် တန်းလျက် အနောက်မြောက် ယွန်းယွန်းတွင် တည်ထားခဲ့သည်။ ပစ္စယာသုံးဆင့်ပြုလုပ်ထားကာ ရှစ်မြှောင့်ကြည့်ဝန်းခံ၍ စေတီပေါက်ထားပြီး စေတီတော်ထောင့်လေးထောင့်တွင် ခြင်္သေ့ရုပ်တစ်ကောင်စီ တန်ဆာဆင်ထားသည်။ ခေါင်းလောင်းပုံနှင့် သပိတ်မှောက်တွင် အင်္ဂတေပန်းများ ထုလုပ်ထားသည်။