သာသနာ့ရောင်ခြည်ကျောင်းတိုက်

Listing Description

သာသနာ့ရောင်ခြည်ကျောင်းတိုက်သည် စလေမြို့ ရှင်ပင်လာဘမံဘုရားအနီးတွင် တည်ရှိပြီး မင်းတုန်းမင်းလက်ထက် ၁၂၂၈ ခုနှစ်တွင် အလှူရှင် ကုန်သည် ဦးမြအေးနှင့် ဇနီး ဒေါ်ဒွန်း တို့က တည်ဆောက်လှူဒါန်းခဲ့ပါသည်။ ကျွန်းတိုင်လုံးကြီး ၁၀၀ ကျော်ဖြင့် တည်ဆောက်ထားသောကြောင့် တိုင်တစ်ရာကျောင်းဟုလည်း အမည်တွင်ပါသည်။ ကျောင်းတော်ကြီး၏ အတွင်းဘက်တွင် ပန်းကနုတ်လက်ရာများဖြင့် ခြယ်မှုန်းထားပြီး ရှေးဟောင်းကျွန်းဗီရိုကြီးများအတွင်းတွင်လည်း ရှေးဟောင်း ပေစာ ပုရပိုက်များ ထိန်းသိမ်းထားသည်ကိုလည်းတွေ့နိုင်ပါသည်။ ရှေးဟောင်းပေစာထုပ်ပေါင်း ၁၇၄ ထုပ်ရှိပါသည်။