နဝရတ်

Listing Description

ရုပ်ရှင်သရုပ်ဆောင် နဝရတ်ကို ၁၉၇၇−ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် အဖ ဦးကိုကိုနှင့် အမိ ဒေါ်အေးမြစိမ်း(ရုပ်ရှင်သရုပ်ဆောင်)တို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ အမည်ရင်းမှာ စံပယ်ကိုကို ဖြစ်သည်။

ငယ်စဉ်က ဖခင်၏ အမှုထမ်းရာနေရာစုံ ပြောင်းရွေ့နေထိုင်ခဲ့ရသဖြင့် ကျောင်းပေါင်းစုံ ပြောင်းတက်ခဲ့ရသည်။ ကျောက်တံတား အ.မ.က(၆)နှင့် မင်္ဂလာတောင်ညွန့် ကျောင်းတို့မှာလည်း တက်ရောက်ခဲ့ဖူးသည်။ ၂၀၀၀-ပြည့်နှစ်တွင် မိခင်၏ တိုက်တွန်းမှုကြောင့် ဦးကျော်ဟိန်းနှင့် ရုပ်ရှင် စတင်ရိုက်ဖြစ်ခဲ့သည်။ နဝရတ် အမည်ကို ဝေပုလ္လဆရာတော်က ပေးလိုက်ပြီး ရုပ်ရှင်လောကတွင် ကျော်ဟိန်းတင်သည့် မင်းသမီးဟု နာမည်စကြီးခဲ့သူဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင် ပြည့်ဖူးခိုင်နှင့် မုန်းတို့သည် ၎င်း၏ ညီအစ်မများ ဖြစ်ကြသည်။