သျှင်းမြတ်

Listing Description

၁၉၉၈ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် အဖ ဦးအောင်ကိုနှင့် အမိဒေါ်မဉ္ဇူထွဋ်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း ရှင်းသန့်အောင်ဖြစ်သည်။ မွေးချင်းနှစ်ယောက်အနက် အငယ်ဖြစ်ပြီး အမဖြစ်သူ မေမြင့်မိုရ်သည်လည်း အောင်မြင်သော သရုပ်ဆောင် တစ်ယောက်ဖြစ်သည်။ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံတွင် ပညာသင်ကြားခဲ့ပြီး ဒဂုံတက္ကသိုလ်မှ LLB ဘွဲ့ ရရှိခဲ့သည်။

၂၀၁၃ အကယ်ဒမီဆုပေးပွဲအခမ်းအနား၌ အကယ်ဒမီရွှေကျိုအဖြစ် ရွေးချယ်ခံခဲ့သည်။ ထို့နောက် မော်ဒယ်လ်အဖြစ် မော်ဒယ်လ်ရှိုးများစွာတွင် ပါဝင်လာခဲ့သည်။

၂၀၁၇ ခုနှစ်တွင် MRTV-4 မှ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရန် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၈ ခုနှစ်တွင် “ရွှေကြာဖူးသစ်” ဇာတ်လမ်းတွဲ၌ သရုပ်ဆောင် ရဲအောင်၊ အောင်ရေချမ်း၊ ခြူးလေး၊ မေသဉ္ဇာဦးတို့နှင့်အတူ ပထမဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိလာခဲ့သည်။ ထို့နောက် “ရသမော်ကွန်းအလင်္ကာ” ဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် “ငါတို့သည်” ရုပ်ရှင်ဇာတ်ကား၌ သရုပ်ဆောင် အလင်းရောင်၊ တိုင်ရွန်ဘီဂျေ၊ ခါရာ၊ နေရဲတို့နှင့် ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။