လမင်းမိုမို

Listing Description

အမည်ရင်း လှမြတ်မိုဖြစ်ပြီး  အဖ ဦးဇင်မြင့်၊ အမိ ဒေါ်ခင်ထွေးထွေး (စာရေးဆရာမ နေနွယ်ဇင်မြင့်) တို့မှ ၁၉၆၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း လေးဦးအနက် အကြီးဆုံး ဖြစ်သည်။

၁၉၈၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် သတ္တဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ကိုလည်းကောင်း ၁၉၉၅ ခုနှစ်တွင် မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။

၁၉၈၂ ခုနှစ် ဒီဇင်ဘာတွင် ပထမဆုံး စာအုပ်ကို ထုတ်ဝေခဲ့သည်။ ပထမဆုံးလုံးချင်းဝတ္ထုအဖြစ် နေလိုအချစ် လလိုအချစ် စာအုပ်ကို နေနွယ်ဇင်မြင့်နှင့် ပူးတွဲ ထုတ်ဝေခဲ့သည်။

ထွက်ပြီး ဝတ္ထု စာအုပ်ပေါင်း - ၂၁၅ အုပ်

နောက်ဆုံးထွက်သည့် စာအုပ် - ၂၀၁၁ စက်တင်ဘာ - အဘယ့်ကြောင့်များ

ရုပ်ရှင် - ၄ ကား

- ကိုကိုဘာလို့ မုန်းတာလဲ ( ဒါရိုက်တာ ဒေါ်သင်းသင်းယု )

- ရင်ထဲရှိတာ ( ဒါရိုက်တာ ကိုအောင်မင်းသိမ်း )

- မောင် ( ဒါရိုက်တာ ပန်းချီစိုးမိုး )

- ကိုယ့်အတ္တက ဒုတိယ ( ဒါရိုက်တာ ဆိုးပေ + မောင်မဲ ) ( ရုပ်ရှင်တွင် နာမည် ပြောင်းထားသည်။)

-အမှောင်ထဲမှာ ( ရင်ဘတ်ထဲကဓါး ) ဒါရိုက်တာဝိုင်း

DVD - ၂ ကား

- ချစ်သူချန်ရစ်သော ရုပ်ကြွင်းပုစ္ဆာ ( ဘယ်သူကို အချစ်ဆုံးလဲ ) ( ဒါရိုက်တာ ကိုဇော် အရုဏ်ဦး )

- နောက်တရက်ရဲ့ နံနက်ခင်း ( ဗိုက် ဗိုက် ဗိုက် ) ( ဒါရိုက်တာ ကိုဇော် အရုဏ်ဦး )

Video - ၁၆၄

( အချို့ စာအုပ်များကို ၂ ကြိမ် ၃ ကြိမ် ပြန်ရိုက်ဖြစ်သည်များ ရှိသည်။ )

ရေးသားခဲ့သောစာအုပ်အချို့ စာရင်း

ကိုကိုဘာလို့မုန်းတာလဲ

မောင်

ရင်ထဲရှိတာ

ဓါးသွားတစ်ဆုံး၌

ရေလှိုင်းငယ်ရဲ့ကမ်းပါး

မြင့်မိုရ်တို့၏အတ္တ

ကိုယ့်အတ္တကဒုတိယ

ဒဏ်ရာဆူးနှင့်မူးရီရီ

ဖန်ဆင်းရှင်ထံပါး

နှောင်ကြိုးတစ်ဆုံးတိုင်

ရင်ကွဲနာ

လိုအပ်ခဲ့သည်မှာ

အသစ်တစ်ဖန်

အပြစ်လို့မယူခဲ့ပါ

အနုံ

ရခဲ့သမျှအရာရာ

အချစ်ဘယ်ကစ

ချစ်ကြိုးခိုင်ခိုင်ချည်

ကမ္ဘာတစ်ဆုံးပြဇာတ်

ကျွန်တော်ချစ်သောမြကျေးတမာ

ကျွန်မမရှိတော့တဲ့အခါ

ဘဝဆက်တိုင်း

နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ

ရေစက်တို့သည်လည်းတစ်ခါတစ်ရံမဆုံစည်းသာ

အလှည့်ကျမနွဲ့ရ

မြဲသောချစ်ကြိုး

နောင်တစ်သက်လုံးမကြုံချင်

စိတ္တဇခြေရာ

နှလုံးသားနဲ့လဲလှယ်ကာ

အဖြူကိုအရောင်ဆိုးသူများ

အမှောင်ထဲမှာ ***

မိုးသည်းညကာရန်

ကျွန်မကမ္ဘာပြိုသောအခါ

အဘယ်ကြောင့်များ

သူချန်ထားရစ်ခဲ့တဲ့

မောဟတိမ်မဲညို

ကောင်းကင်ဘာကြောင့်ပြာ

သဲကိုးဖြာ

အရိပ်ဟောင်း

ချစ်သူတွေ့ကိန်းရှိသည်

ဒဏ်ရာရပန်းတစ်ပွင့်အကြောင်း

မိုးတွေရွာနေဆဲပါ

တသွင်သွင်

တွဲလက်မြဲမြဲ

ကောင်းကင်ကကြွေကျခဲ့ပါ

အဘယ့်ကြောင့်များ