စန္ဒရားတင်ဝင်းလှိုင် (၁၉၄၆ - ၂၀၂၂)

Listing Description

အကယ်ဒမီဆု နှစ်ဆုရှင် စန္ဒရားတင်ဝင်းလှိုင်ကို ၁၉၄၆ ခုနှစ်တွင် ပဒေသာ ဦးမျိုးနိုင်နှင့် ဒေါ်တင်တင်လှိုင်တို့မှ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။

ငယ်စဉ်ကတည်းက စန္ဒရားပညာကို စန္ဒရားချစ်ဆွေထံမှ သင်ကြားခဲ့သည်။ အသက် ၁၀ နှစ်နှင့် ၁၅ နှစ်ကြားကာလများ၌ စန္ဒရားပြိုင်ပွဲများ ဝင်ပြိုင်ရာ ရွှေတံဆိပ် ခြောက်ခုရရှိခဲ့သည်။

ဆယ်တန်းမအောင်ခင်၌ အဆိုတော် ကြည်ကြည်ဝင်းနှင့် လက်ထပ်ခဲ့သည်။

မင်းသားကြီး ဝင်းဦးနှင့် တွဲဘက်အညီဆုံး စန္ဒယားပညာရှင်တစ်ဦးလည်းဖြစ်သည်။ မြန်မာသံ ကိုယ်ပိုင်သံစဉ် သီချင်းများကိုလည်း ရေးသားခဲ့သူဖြစ်ပြီး “ချမ်းမြေ့ပါစေ” သီချင်းမှာ အောင်မြင်မှုအများဆုံးတေးသီချင်းဖြစ်သည်။

ပလေးဘွိုင်း ဂီတအဖွဲ၊ Love Peace and Joy (LPJ အဖွဲ့) နှင့် Electronic Machine ဂီတအဖွဲ့များတွင်လည်း စန္ဒရားပညာရှင်အဖြစ် တီးခတ်ခဲ့သည်။

၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ‘ကြယ်စင် မော်ကွန်း’ ဇာတ်ကားနှင့် ၂၀၁၇ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ‘ကွမ်းလုံရက် ၄၀’ စသည့် ဇာတ်ကားများဖြင့် အကောင်းဆုံး နောက်ခံတေးဂီတဆုများ ရရှိခဲ့သည်။

စန္ဒရားတင်ဝင်းလှိုင်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက် နံနက် ၁ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံကြီး၌ ကျောက်ကပ်ဝေဒနာဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်ရှိပြီ ဖြစ်သည်။