မိစန္ဒီ

Listing Description

၁၉၉၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း မိစန္ဒီမင်းဉာဏ် ဖြစ်သည်။ မွေးချင်းမောင်နှမ သုံးယောက်အနက် အကြီးဆုံးသမီးဖြစ်သည်။ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံတွင် ပညာသင်ကြားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် International Management College မှ Bachelor of Business Management (BBM) ဘွဲ့ရခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် LCCI Accounting မှ ဒီပလိုမာဘွဲ့ရရှိခဲ့သည်။

Underground ဟစ်ဟော့တွင် စီနီယာများဖြစ်သော စိုးကြီး၊ အက်ဇက် တို့နှင့် သီချင်းများ သီဆိုခဲ့ပြီး Bo Bo Entertainment မှထုတ်လုပ်သော သီချင်းခွေများတွင် တစ်ပုဒ်စ နှစ်ပုဒ်စ စတင်ပါဝင်လာခဲ့သည်။ Underground မှထုတ်ဝေသော “ပျော်စရာကြီး” အယ်လ်ဘမ်တွင် ပါဝင်သီဆိုခဲ့သည့် “ကိုယ့်ရဲ့သက်တန့်ငယ်” နှင့် “99.99%” တေးသီချင်းနှစ်ပုဒ်ဖြင့် လူငယ်ပရိသတ်များအကြား နာမည်ကြီးလာခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ပထမဆုံး တေးစီးရီးအယ်လ်ဘမ် “မိုနိုပိုလီ” ထွက်ရှိခဲ့ပြီး ထိုအယ်လ်ဘမ်ထဲမှ ရေခဲရိုက်အပြုံး၊ မငြိုငြင်ရက်ဘူး၊ နှစ်ယောက်မရှိဘူး၊ အတူတူ စသည့် သီချင်းများမှာ ပရိသတ်များအကြား အထူးရေပန်းစားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် City FM ၏ The Best Selling Studio Music Alblum နှင့် Female Vocalist of the Year ဆုတို့ရရှိခဲ့သည်။ CoCa-CoLa အချိုရည်၏ brand ambassador အဖြစ်လည်း ခန့်အပ်ခြင်းခံခဲ့ရသည်။

တစ်ကိုယ်တော် အယ်လ်ဘမ်များ -

မိုနိုပိုလီ (၂၀၁၃)

ပစ်တိုင်းထောင် (၂၀၁၄)

အသဲလေး  (၂၀၁၇)

သတ္တိခဲ (၂၀၁၉)

Single Songs များ

ချစ်ခြင်းများစွာဖြင့် (၂၀၁၅)

ခေါင်းအုံးလေး (၂၀၁၆)

ဦးနှောက်မဲ့ငတုံး (၂၀၁၈)

မိုးမိမှာစိုးတယ် (၂၀၁၈)

Empty Pocket (၂၀၁၈)

High 5 (၂၀၁၈)

I Would (၂၀၁၉)

ပြိုင်ဆိုင်မှုတွေပြင်းထန် နေတယ် (၂၀၁၉)

အသဲကွဲအပေအတေ (၂၀၁၉)