နန်းခင်ဇေယျာ

Listing Description

၁၉၈၈ ခုနှစ် မတ်လ ၄ ရက်နေ့တွင် တောင်ကြီးမြို့၌ မွေးဖွားခဲ့သည်။ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကြီးတွင် ပညာသင်ကြားခဲ့သည်။ တောင်ကြီးတက္ကသိုလ်တွင် ဥပဒေပညာ နှင့် ကျောင်းပြီးခဲ့သည်။ သူမသည် ကျောင်းပြီးပြီးနောက် ရှေ့နေမလုပ်ဘဲ ခရီးသွားလမ်းညွှန် လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် မော်ဒယ်လ်သင်တန်း ဆက်တက်ခဲ့သည်။ သူမသည် အင်္ဂလိပ်ဘာသာစကား နှင့် ဂျာမန်ဘာသာစကားကို ပြောဆိုနိုင်သည်။

၂၀၁၁ ခုနှစ်တွင် မော်ဒယ်လ်ဖြစ်လာခဲ့ပြီး မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ မော်ဒယ်လ် ဝဘ်ဆိုဒ်များစွာ အတွက် ဓာတ်ပုံရိုက်ခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် Myanmar Travel Board (MTB) လက်အောက်တွင် ရှိသော Myanmar Tourism Services (MTS) မှကျင်းပခဲ့သော Miss Myanmar 2012 ပြိုင်ပွဲတွင် ဝင်ရောက်ယဉ်ပြိုင်ခဲ့ပြီး Miss Yangon Title ဆုနှင့် Miss Myanmar 2012 Title ဆုများရရှိခဲ့သည်။

အိုကီနာဝါ၊ ဂျပန်တွင် ကျင်းပသော Miss International 2012 တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ Miss International 2012 People's Choice ဆုနှင့် Miss Internet ဆုများ ရရှိခဲ့သည်။